ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကန့်ဘလူ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ် ရပ်ကွက်(၅)ခုမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၁၇ ရက်နံနက် ၈ နာရီက မြို့နယ် ခုတင်၁၀၀ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအား ဦးတည်အုပ်စုအလိုက် ဦးစားပေးအစီအစဉ်အတိုင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပြီးသူများအား သတ်မှတ်ရက်များ၌ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ၊ နိုင်ငံ့ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံ /အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ၊ စျေးသူစျေးသားများနှင့်ဒေသခံပြည်သူများအား ထိုးနှံပေးလျက်ရှိသည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကျန်းမာရေးဝန်ထမ်း များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးနှံပေးရာ  ၈၂၅ ဦးကို ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)