သဲကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြာများအား ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေး

သဲကုန်း စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက“ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကိုကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သဲကုန်းမြို့နယ်၊အင်းမမြို့ရှိ တမခ(၆၆)တပ်နယ်ခန်းမတွင် တမခ(၆၆)နှင့် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း(၆)ခုမှ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူ(၁၆၇)ဦးအား မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  သဲကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် “ပန်းခင်းစီမံချက်” ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉)အုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့် အသက်(၁၈)နှစ် အထက် လူဦးရေ(၅,၅၉၈)ဦး တို့ကို မေလ ၃ ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျေးရွာများ အရောက် ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်း သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်ထံမှ သိရသည်။

နိုင်လင်း