ချောင်းဦး စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၉နာရီ အချိန်မှ စတင်ပြီး ညနေ ၃ နာရီအချိန်အထိ သံဃာတော်များ၊ အသက်၆၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ပြီး ချောင်းဦးမြို့နယ် ဆေးရုံ ဆရာဝန်နှင့် သူနာပြုများ လာရောက်ကူညီ ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးမထိုးပေးမီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရေသန့်ဗူးနှင့် ပါးစပ် နှာခေါင်းစည်း Mask များဝေပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် သံဃာ တော်များ၊ အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း ၆၅၁ ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ချောင်းဦးမြို့နယ်အတွက် ပထမအသုတ် ရရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အား လူဦးရေ၄၅၀၀ကို ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ် အဖြစ် ထိုးပေးရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေးတစ်လုံးလျှင် လူ၅ဦးနှုန်းဖြင့် ဆေးအလုံးရေ ၉၀၀ ရရှိခဲ့ပြီး ပထမအကြိမ် အဖြစ် ထိုးနှံပေးပြီးသည့် ၄၅၀၀ ဦးထဲမှ ဒုတိယအကြမ်အဖြစ် ၃၆၄၁ ဦးအား ထိုးနှံပေးပြီးကြောင်း၊ ချောင်းဦးမြို့နယ်အတွင်း သံဃာတော်၊ သက်ကြီး ဘိုးဘွား၊ ဝန်ထမ်းမိသားစု၊ လူမှုကူညီးရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း ၅၇၆၆ ဦး ကာကွယ်ဆေး ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း၊ ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးရန် ဆေးအလုံးရေ ၁၀၀၀ ရရှိထားပြီး ဦးတည်အုပ်စုထိုးနှံပေးရန် လူဦးရေ၅၀၀၀ စာဖြစ်ကြောင်း၊ ယမန်နေ့က ပထမအကြိမ်အဖြစ် ၇၂၀ ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (sinopharm)အား ထိုးနှံပေးနေမှု့အား ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ ဦးသန်းထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့် တို့က ကြည့်ရှု့အားပေး ကူညီခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများက ပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရပါသည်။
ဝင်းမြင့်အောင်