ငရုတ်ကောင်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအား သတ်မှတ်အုပ်စုများအလိုက် ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက ငရုတ်ကောင်းမြို့ (အထက) ၌ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် ပြည်သူ များ၊ ရဟန်းသံဃာတော်များနှင့် သတ်မှတ်ဦးတည်အုပ်စုတို့တွင် ပါဝင်သောသူများအား ကိုဗစ်ကာကွယ်ဆေး (ပထမ) အကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက် လျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြုံးမောင်မောင် (ငရုတ်ကောင်း)