တောင်ယာကမ်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ပုလော  စက်တင်ဘာ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက  အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် နိုင်ငံသား စီစစ်ရေး ကတ်နှင့် အိမ်ထောင်စု များကို ပုလောမြို့နယ် လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးအောင်ကိုဦးနှင့် ၀န်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ယာကမ်းကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့်ပြီး နိုင်ငံသား အရည်အချင်း ပြည့်မီ သူများအား နိုင်ငံသားစီစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊  အိမ်ထောင်စု စာရင်းမသွင်းရသေး သူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စု မရှိသူများအား အိမ်ထောင်စုများ ပြုလုပ်ပေးခြင်းများကို ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ရာ အသက် (၁၀)နှစ်ပြည့် နိုင် ၃(က) ကျား(၄)ဦး၊ မ(၂)ဦး၊ ပေါင်း(၆) ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်၆(က) ကျား(၁၃)ဦး၊မ (၆) ဦး၊ ပေါင်း (၁၉)ဦး၊ နိုင်ငံသား စီစစ်ရေးကတ်လဲလှယ် ကျား(၃) ဦး၊ မ(၃)ဦး၊ ပေါင်း(၆)ဦး၊ မိတ္တူ ကျား(၉)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၆)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၇)စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တောင်ယာကမ်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုများ ဆောင်ရွက်ပေးမှုကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်စိုးနှင့် အဖွဲ့၀င်များက သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

အေးအေးမော် (ပုလော)