လိပ်သို စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ရာတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ၀န်ထမ်းများနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ ပူးပေါင်း၍ လိပ်သိုမြို့ တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
လိပ်သိုမြို့အနေဖြင့် ကျန်ရှိနေသော မြို့ပေါ်/ရပ်ကွက်များနှင့် ကျေးရွာများမှ ကိုဗစ် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)