မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာငါးဦး ဆေးရုံဆင်းခွင့်ရသဖြင့် ဆေးရုံဆင်းသူပေါင်း ၂၃၃ ဦးအထိရှိလာ

မိုင်းယောင်း စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှစ်ဦး တွေ့ရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ငါးဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ရာ ယခုအခါ ဆေးရုံဆင်းသူပေါင်း ၂၃၃ ဦးအထိ ရှိလာကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းတွင် စက်တင်ဘာ ၁၇ ရက်က အမှတ်(၉)ရပ်ကွက်ရှိ Fever Clinic ၌ ကျန်းမာရေး လာရောက်ပြသသူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၄)ရပ်ကွက်နှင့် ဟောင်ကြန့်အုပ်စုတို့မှ အမျိုးသားတစ်ဦးစီတို့ ထံတွင် Positive တွေ့ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ အတည်ပြုလူနာ ၃၂၁ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ ၂၃၃ ဦး၊ နှစ်ဦး သေဆုံးပြီး လက်ရှိတွင် အတည်ပြုလူနာ ၈၆ ဦး ကျန်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)