ပုဇွန်တောင် စက်တင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်၉နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ် ညောင်တန်းလမ်း၊ အ.လ.က(၃) ကျောင်းဝန်းအတွင်း ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများ ကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးတွင်းအောက်စီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး၀န်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ပုဇွန်တောင်မြိုနယ်၌ တရုတ်နိုင်ငံထုတ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်ဦးစားပေးအလိုက် ထိုးနှံပေးမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှစ၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလ၃၁ရက်နေ့အထိ ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။
မြတ်သီရိခိုင် (ပြန်ဆက်)