ဒဂုံ စက်တင်ဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆေးထိုးထားသည့် (၂၈)ရက် ပြည့်ပြီးသူများဖြစ်သည့် ဟိုတယ်ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်း(၁၄၄)ဦးကို လည်းကောင်း၊ ဒုတိယကြိမ်မြောက်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင် ထိုးနှံသူ ဟိုတယ်ဝန်ထမ်း(၃၇၅)ဦး၊ စုစုပေါင်း (၅၁၉)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင့် သိရှိရပါသည်။ ကာကွယ်ဆေးထိုးနှံရာနေရာသို့ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ Volumteer များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူမိဘပြည်သူများအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)