ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ပေးအပ်

ဒဂုံမြောက်  စက်တင်ဘာ ၁‌၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမူရေးပင်စင်များ ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများမှ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ စတုတ္ထသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၁၂၉)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၃၃၈၇၀၀၀၀/-) ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

 အဆိုပါထောက်ပံ့ငွေများအား  ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်(၂၇) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့် အထက်  ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက  အိမ်တိုင်ရာ ရောက် လိုက်လံပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)