မုံရွာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ(၆)တွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းမှ ငွေကျပ် သိန်း(၁၇၀၀) ကျော်ကို ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ကျေးရွာ၊ ထနောင်းတောကျေးရွာ၊ ကြာပိုင်ကျေးရွာ၊ ပေါက်ပင်ကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ သမန္တာကျေး ရွာအစရှိသည့် ကျေးရွာ(၆)ရွာတွင်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၆၂၇)ဦးအတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ ကျပ်သိန်း(၁၇၀၀) ကျော်ကို ၂၀၂၁ခုနှစ် ဩဂုတ်လ ပထမအပတ်မှ စက်တင်ဘာလ ပထမအပတ်အတွင်း ဒုတိယအကြိမ် ပြန်လည်ထုတ်ချေး ပေးခဲ့ခြင်း ဖြစ်သည်။
"မုံရွာမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးကနေစတင်ပြီးတော့ ကျေးရွာမတည် ရန်ပုံငွေစီ မံကိန်းကို ကျေးရွာ(၆)ရွာမှာ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ အဲဒီကျေးရွာ(၆) ရွာကို ဒုတိယအကြိမ်အဖြစ် ရန်ပုံငွေ ကျပ်သိန်း (၁၇၀၀) ကျော်ကို ပြန်လည်ထုတ်ချေးပေးပြီး ဖြစ်ပါတယ်၊ ကျွန်မတို့အနေနဲ့ ကျေးရွာတွေကို ရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးတဲ့အခါ ကျေးရွာနေပြည်သူများ အဆင်ပြေလွယ်ကူစေရေး တစ်ရွာ ချင်းကို နေ့ချင်းပြီးအရင်းဆပ် ပြန်ထုတ်ချေးစနစ်ကိုသုံးပြီး ဆောင်ရွက်ပေးခဲ့ ဖြစ်ပါတယ်"ဟု မုံရွာမြို့နယ်ကျေး လက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပြောသည်။
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းမှ ကျေးရွာတစ်ရွာချင်းအလိုက် ရန်ပုံငွေထုတ်ချေးပေးမှုအနေဖြင့် သမန္တာကျေးရွာတွင် အိမ်ထောင်စု (၁၃၂) စုကို ကျပ်သိန်း(၃၀၀)ကျော်ကိုလည်းကောင်း၊ ကျောက္ကာမြောက်ကျေးရွာတွင် အိမ်ထောင်စု (၁၀၇)စု ကို ကျပ်သိန်း(၃၀၀)ကျော်ကိုလည်းကောင်း၊ ပေါက်ပင်ကျေးရွာတွင် အိမ်ထောင် စု (၁၂၆) စုကို ကျပ်သိန်း (၃၀၀) ကျော်ကိုလည်းကောင်း၊ ထနောင်းတော (တ)ကျေးရွာတွင် အိမ်ထောင်စု(၁၀၇)စုကို ကျပ်သိန်း(၃၀၀)ကျော်ကိုလည်းကောင်း၊ ကြာပိုင်ကျေးရွာတွင် အိမ်ထောင်စု (၁၀၇)စုကို ကျပ်သိန်း(၃၀၀) ကျော်ကို လည်းကောင်း၊ ချောင်းဆုံကျေးရွာတွင် အိမ် ထောင်စု(၄၈)စု ကို ကျပ်သိန်း(၂၀၀)ကျော်ကိုလည်းကောင်း လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံး(၁)သိန်းမှအများဆုံး(၅)သိန်းအထိသက်ဆိုင်ရာကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီမှချေးငွေပမာဏ သတ်မှတ်ကာ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။ "ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းကို ကိုဗစ်-၁၉ ကူးဆက်ရောဂါကြောင့်မို့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတော့ လုပ်ကွက်ငယ်တောင်သူတွေ၊ထုတ်လုပ်ရောင်း ချတဲ့သူတွေ၊ အသေး စားစီးပွားရေးလုပ်ငန်း လုပ်ကိုင် နေတဲ့သူတွေရဲ့စီး ပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့နဲ့ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ထပ်မံပြောသည်။
မုံရွာမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းဆောင်ရွက်ရန်အတွက် ကျေးရွာများ ရွေးချယ်ရာတွင် ထုတ်ကုန်များဈေးကွက်သို့ ပို့ဆောင်ရန် လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့သည့်ကျေးရွာ၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးကြုံတွေ့ရသည့်ကျေးရွာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အလား အလာရှိသောကျေးရွာ အစရှိသည့် ကျေးရွာရွေးချယ်ရေးစံနှုန်းများဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိန်လင်း -မုံရွာ