ရေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြေညာချက်များကို မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရေး စက်တင်ဘာ ၁၇

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်ရေး အသိပေးကြေညာချက်များကို မွန်-မြန်မာနှစ်ဘာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့ပေါ်ရပ်ကွက် လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ အိမ်ပြင် ထွက်ပါက နှာခေါင်းစည်း Mask တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာတိုင်း ဆပ်ပြာဖြင့် လက်ကိုသေချာစွာ ဆေးကြောရန်၊ နေ့စဉ်တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ Mask တပ်ဆင်ထားခြင်းမရှိသည့် ဈေးရောင်းသူများထံမှ ဈေးဝယ်ခြင်းမပြုလုပ်ကြရန်၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုလုပ်ကြရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူစားသောက်ကြရန် ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို စနစ်တကျ လိုက်ကြရန်နှင့်  အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးမထိုးနှံ  ရသေးသူများမှလည်း သတ်မှတ်စုရပ်ဖြစ်သည့် တစ်ပုလ္လင် နှစ်ဆူဘုရား ဓမ္မာရုံတွင် နံနက်(၉)နာရီမှ ညနေ (၄)နာရီအတွင်း လာရောင်ထိုးနှံနိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေး လမ်းညွှန်ချက် များကို တိကျစွာ လိုက်နာခြင်းဖြင့် အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)