ကျောက်တံခါး စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ စျေးပိုင်းရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စျေးပိုင်းရပ်ကွက်ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ် နမူနာယူ စစ်ဆေးပေးခဲ့ရာ စစ်ဆေးပေးသောလူနာပေါင်း (၁၂၅)ဦးတွင် ပိုးတွေ့လူနာ (၁)ဦး စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါလူနာအား ၎င်း၏နေအိမ်တွင် Home Quaratine ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်းနှင့် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စန်းစန်း