မဘိမ်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မဘိမ်း      စက်တင်ဘာ      ၁၇ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းသူဝင်းက မြို့နယ်အတွင်း ကာ ကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများကို ကာကွယ်ဆေးဆက်လက် ထိုးနှံပေးရန်၊ မြို့နယ်အတွက် ဆေးအလုံးရေ(၂၈၀)လုံးရရှိပြီး ကာကွယ်ဆေး တစ်လုံးကို လူဦးရေ(၅) ဦးနှုန်း ထိုးနှံသွားမည်ဖြစ်ပြီး၊ သတ်မှတ်အုပ်စုများတွင်ပါဝင်သူများကို စက်တင်ဘာ(၁၉)ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် အဖွဲ့(၅)ဖွဲ့ခွဲ၍ ထိုးနှံပေးသွား မည်ဖြစ်ပြီး ဌာနဆိုင်ရာ အကြီးအကဲများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် ဈေးများ အားစနစ်တကျဖွင့်လှစ်ပြီး ဈေးရောင်းဈေးဝယ် သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာမှုရှိစေရေး ကြီးကြပ်စစ်ဆေး ဆောင်ရွက် သွားကြရန်တို့ကို ရှင်းလင်းပြောကြားပြီး ကော်မတီဝင်များအားလုံး လိုအပ်ချက်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြ ရန် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြမှု များအပေါ် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)