ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည် အသိပညာပေး

ပျဉ်းမနား စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက် လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကိုတွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများ သို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့  ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများ သိရှိနိုင်စေရန် အသံချဲ့စက်များဖြင့် လှည့်လည် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)