သစ္စာဝေလီ သီလရှင်စာသင်တိုက်သို့ ဆေးဝါးများနှင့် အာဟာရပြည့်ဓာတ်စာများ လှူဒါန်း

ပုဗ္ဗသီရိ၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁) ရပ်ကွက်ရှိ သစ္စာဝေလီ သီလရှင် စာသင်တိုက်သို့ ယနေ့နံနက်ပိုင်းက အမှတ်(၂) မော်တော်ယာဉ်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မူးကြီး ဟန်ထွန်းအောင်မှ ဆေးဝါးများနှင့် အာဟာရပြည့်ဓာတ်စာများ လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ဒုတိယဗိုလ်မှူးကြီးဟန်ထွန်းအောင်မှ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊စစ်သည် မိသားစုများက လှူဒါန်းသည့် ဆန် ၁၃ အိတ် နှင့် ၈ ပြည်၊ ဆီ ၄ ပိဿာ၊ ကုလားပဲ ၄၀ ပိဿာ၊ ဆား ၄၀ ပိဿာ၊ ရှမ်းရိုးမဒဏ်ကြေ ဆေး ၂၃ ဘူး၊ တမာယားနာပျောက် ဆေး ၁၁ ဘူး၊ တောရှောက်မြစ်ဆေးရည် ၄ ဘူး၊ ဆန္ဒမွန်မျက်စိအကြော အားတိုးဆေး ၉ ဘူး၊ လက်သန့်ဆေးရည် ၄၀ ဘူး၊ အလှူငွေ ၃၉၆၀၀၀ ကျပ်တို့အား ကျောင်းထိုင်ဆရာကြီး ဒေါ်ဝဇီရထေရီထံ လှူဒါန်းခဲ့ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)