မိုင်းဖြတ်မြို့နယ်၌ တောင်သူများသို့ မိုးရာသီစိုက်ပျိုးရေး ဆက်လက်ထုတ်ချေးပေး

မိုင်းဖြတ်    စက်တင်ဘာ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် ကျိုင်းတုံမြို့နယ်ခွဲ၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများသို့ မိုးရာသီ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က တောင်သူများအနေဖြင့် စိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးရာတွင် မိမိတို့အမှန်တကယ် လုပ်ဆောင်နေသော စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူပြုရာတွင် အကျိုးရှိစွာသုံးစွဲနိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျိုင်းတုံမြို့နယ်ခွဲ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးကျောင်လွင်အောင်က ချေးငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်  မန်နေဂျာ ဦးကျော်လွင်အောင်နှင့် ဝန်ထမ်းများက မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းအုပ်စုနှင့် တောညိုကျေးရွာ အုပ်စုအတွင်းမှ တောင်သူ(၁၂)ဦးအား မိုးရာသီ စိုက်ပျိုးရေး စရိတ်ချေးငွေ တစ်ဧကလျှင် ()သိန်းခွဲနှုန်းဖြင့် ကျပ်သိန်း(၉၀)ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။ အဆိုပါ ချေးငွေများသည် တစ်နှစ်လျှင် အတိုး ၅ရာခိုင်နှုန်းသာ ကျသင့်ကြောင်း မန်နေဂျာ ဦးကျော်လွင်အောင်ထံက သိရသည်။

သန်းထွန်းအေး