မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မိုင်းယန်း    စက်တင်ဘာ   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်လူမူဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာများ၊ မသန်စွမ်းသူရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေမှုများကို ပြည်သူများ သိရှိစေဖို့အတွက်  အခုလိုဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက မသန်စွမ်း အဓိပ္ပါယ်နှင့် မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေးနဲ့ မသန်စွမ်းသူများနဲ့ ပတ်သက်သည့် ဥပဒေဆိုင်ရာများ၊ မသန်စွမ်းနဲ့ ပတ်သက်ပြီး လူမူဝန်ထမ်းဦးစီး ဌာန၏ လက်ရှိ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး