တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးကြေညာ၍ ပညာ ပေးလက်ကမ်းစာစောင်းများ အခမဲ့ဖြန့်ဝေ

တနင်္သာရီ  စက်တင်ဘာ ၁၇

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်၏ လမ်းညွှန်မှုအရ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနနှင့်ဋ္ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက်၉နာရီ အချိန်မှစ၍ ဘန်းလမွတ်ကျေးရွာ အုပ်စုအတွင်းရှိ ပနပ်ငယ်ရွာ၊ ကျောင်းကုန်းရွာ၊ ဘန်းလ မွတ်ရွာ၊ ညောင်ပင်ကုန်းရွာနှင့် ကမ်းတိုရွာ၊ ရမ်းဖိုရွာများအထိ ရွာစဉ်လမ်းမကြီးအတိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး နည်း လမ်းများကို ဒေသခံများ သတိရှိလိုက်နာနိုင်ရန် အသိပေး နှိုးဆော်ကြေညာပေးပြီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များပါသော အသိပညာပေး လက်ကမ်းစာစောင်(၂၀၀)ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခြင်းအား ဆောင် ရွက်ကြကြောင်း သိရှိရသည်။

   

ယင်းသို့ အသိပေးကြေညာရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဋ္ဌာန ဦးစီးမှူး ‌ဒေါ်သီသီခိုင် ၊ မြို့နယ် ရဲတပ်ဖွဲ့က နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်ပပထွန်းတို့က မြို့နယ် ကျန်းမာရေးဦးစီးဋ္ဌာန မော်တော်ယာဉ်(၂)စီးဖြင့် ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းသို့ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများ သွားရောက် ကြေညာပေးရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဟိန်းထက်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပါရမီ ဇီဝိတ ပရဟိတအဖွဲ့တို့က လိုက်ပါ၍ ပူးပေါင်းကူညီဆောင်ရွက်ပေး ကြကြောင်းသိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းပါ ကြေငြာချက်များမှာ ဖြစ်နိုင်ပါက အိမ်အတွင်း၌ သာနေထိုင်ပါ။  မဖြစ်မနေ အိမ်အပြင်ထွက်မည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊  လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့်(၆)ပေကွာ ခပ်ခွါခွါ နေထိုင်ပါ။ လူစုလူဝေးရှောင်ကျဉ်ပါ။  ဖြစ်နိုင်ပါကတစ်ပတ်လျှင် တစ်ကြိမ်သာဈေးဝယ်ယူပါ။ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်း သူများထံမှ ဈေးမဝယ် ပါနှင့် အပြင်ထွက်လာပါက အိမ်ပြန်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန် သတိပြုပါ အသုံးပြု ပြီးသော(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစား မလဲမီ ကိုယ်လက်သန့် စင်ခြင်းမပြုမီ အိမ်သားများနှင့်အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ကြပါ၊ အလှည့်ကျရရှိသော ကာကွယ် ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့် ခံယူပါ။ ကာကွယ်ဆေးထိုးပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျဆက်လက် လိုက်နာကြပါရန် စသည့်အချက်များဖြစ်ကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း