ကမမောင်းမြို့၌အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ကမမောင်း  စက်တင်ဘာ  ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အသက် ၅၅ နှစ်နှင့် အထက်  အသက်ကြီးသူများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၊ အမှတ်(၂) ရပ်ကွက် အလက(အုန်းတော)၊ အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က(၁)မူ/လွန်ကျောင်းတို့၌ ဆေးထိုးရမည့်အုပ်စုနေရာများခွဲ၍ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ အသက် ၅၅ နှစ်နှင့်အထက်အသက်ကြီးသူများနာတာရှည် ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား ယနေ့နံနက် ၉ နာရီ မှ ညနေ၄ နာရီထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် (Sinopharm)ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)