နောင်တရား စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူ ၁၇၀ ဦးအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသည်။
နောင်တရားမြို့၌ အသက်(၆၅)နှစ်အထက်ဘိုးဘွားများ၊ ပရဟိတအဖွဲ့များ၊ သာသနာ့ တာဝန်ထမ်းဆောင်သည့်ပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများနှင့် ဈေးသည်များကို ပထမအကြိမ်တွင် စုစုပေါင်း (၁၀၀၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၈ ရက်မှ ၁၂ရက်နေ့ အထိ (၈၃၀)ဦးကို ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံရန် ကျန်ရှိနေသည့် (၁၇၀)ဦးကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် (၉၉)ဦး ဆက်လက်ထိုးနှံပေးခဲ့သည်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် (၇၁)ဦးကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဟု သိရသည်။
ခွန်အောင် (နောင်တရား)