ပုဗ္ဗသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အ-ထ-က(၂၀)အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စက်တင်ဘာလ၁၅ရက်နေ့မှစတင်၍ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၅၅)နှစ်နှင့် အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးကိုကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးမှုကို နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်တာဝန်ရှိသူများလာရောက်ကြည့်ရှုရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိန်ကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်ကျော် နှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံပေးမှုအခြေအနေများအား လိုက်လံရှင်းလင်းပြောကြားခဲ့ပြီးနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းကဆေးလာရောက်ထိုးနှံသည့်ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် ယနေ့တွင် အ-ထ-က(၂၀)နှင့် အေးမြင့်သာယာကျေးရွာတို့တွင် သံဃာတော်များ(၉)ဦး၊ အသက်(၅၅)နှစ်နှင့် (၆၄)နှစ်ကြားအသက်ကြီးရွယ်အိုများ (၅၉၆)ဉီး၊ နိုင်ငံ့ဝန်ထမ်း (၁၅၆)ဦး၊ ကျန်းမာရေးဝန်ထမ်း (၇)ဦး၊ မသန်စွမ်းသူ (၁)ဦး၊ နာတာရှည်ရောဂါရှိသူ (၁၅)ဦး၊ စေတနာ့ဝန်ထမ်း (၁၀)ဦး၊ စက်ရုံ/အလုပ်ရုံ/စားသောက်ဆိုင်ဝန်ထမ်း(၈၁)ဦး၊ စုစုပေါင်း(၅၀၆)ဦးတို့ကိုမြို့နယ် ကုတင်(၅၀)ဆံ့ဆေးရုံအုပ်ဒေါက်တာသိမ့်သိမ့်ထွေး၊ တပ်မတော် ဆေးအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများကထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ပရဟိတအဖွဲ့များ၊ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များကလိုအပ်သည်များကိုပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)