ကျိုင်းတုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးစပါးဧကပေါင်း (၄၇၉၂၃) ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး စာရင်းမှသိရသည်။
ကျိုင်းတုံမြို့တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာတွင် စုစုပေါင်းမိုးစပါးဧက ပေါင်း (၄၇၉၂၃) ဧကစိုက်ပျိုးပြီးစီးသဖြင့် လျာထားချက်ဧက (၄၇၅၇၅)ဧက ထက် (၃၄၈)ဧက ပိုမို စိုက်ပျိုးပြီးစီးခဲ့ပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရိတ်သိမ်းနိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။