မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မန့်ဟီးရိုး  စက်တင်ဘာ ၁၇

နယ်စပ်ဒေသဖြစ်သော မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။                                                                                      

မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမရှိစေရေး တားဆီး ကာကွယ်ရန်အတွက် လိုက်နာရမည့်အချက်များ၊ ကြိုတင်ရှောင်ရှားရမည့်အချက်များကို သိရှိ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ကပ်ရော ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့အတွင်း  လိုက်လံနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြသည်။                                               

ယင်းသို့လိုက်လံနှိုးဆော်ရာတွင် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊ စွန့်ပစ်ရန် နည်းလမ်းများ၊ အတတ်နိုင်ဆုံး မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ အိမ်ပြင်ထွက်ခွါပါက  တခြားသူများနှင့် (၆)ပေအကွာ တွင်နေရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်စနစ်တကျ စက္ကန့်(၂၀) ကြာဆေးကြောရန် စသည့်အချက်များကိုလည်း ရှမ်းဘာသာဖြင့် ထည့်သွင်းဆော်ဪပေးခဲ့ကြောင်း သိရသည်။

စန္ဒာ(မန့်ဟီးရိုး)