မိုင်းရှူးမြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများအနက် ကိုဗစ်-၁၉ရောဂါကူး စက်ခံရသူများအား ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်

မိုင်းရှူး    စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် ခရိုင်၊ မိုင်းရှူး မြို့နယ်အတွင်း ထိခိုက် လွယ်အုပ်စုများ ဖြစ်သည့်အသက်(၆၀) နှစ်နှင့်အထက်၊ ကိုယ်ဝန်ဆောင်မိခင်၊ အသက်(၅)နှစ်အောက် ကလေးငယ် များနှင့် မသန်စွမ်းသူများအနက် ကိုဗစ်-၁၉ရောဂါကူး စက်ခံရများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း၌ ထိခိုက်လွယ် အုပ်စုတွင် ပါဝင်ပြီး သြဂုတ်လအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံ ရသည့်အသက်(၆၀)နှစ်နှင့် အထက်(၁၁)ဦးနှင့် အသက်(၅) နှစ်အောက်ကလေး(၁)ဦး၊ စုစုပေါင်း(၁၂)ဦးတို့ကို တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလူမှု ဝန်ထမ်းဦးစီးဌာနမှ သိရသည်။

တောင်ပေါ်သူ(မိုင်းရှူး)