ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကြိုတင်ကွယ်ရေးအသိပညာပေးနှိုးဆော်

ဒေးဒရဲ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို ရပ်ကွက်နှင့် ကျေးရွာ များအရောက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာကြရန်၊ တတ်နိုင်သမျှ အိမ်တွင်း၌နေထိုင်ကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အိမ်ပြင်ထွက် ရပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားရန်၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာမှ နေထိုင်ကြရန်၊ လူစုလူဝေးများမပြုလုပ်ကြရန်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ရောဂါပိုး များသယ်ဆောင်လာခြင်းမရှိစေရန် သတိပြုပါ၊ အသုံးပြုပြီး သောပါးစပ်နှာခေါင်းစည်း(Mask) နှင့်တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ ကိုယ်လက် သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည်  မိမိအတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါစသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်လံနှိုးဆော်ခဲ့ကြောင်းသိ ရသည်။

အေဇာလင်း/ပြန်ဆက်