ပန်းတောင်း စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက်ပိုင်းက စတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် အ.ထ.က (ပန်းတောင်း)၊ ရွှေပင်(ဓမ္မာရုံ)၊ ရွာသာယာ(အ.မ.က)၊ စစ်တဝင်း၊ အ.ထ.က(ဆင်တဲ) တို့တွင် ဆေးထိုးစုရပ်(၄)နေရာခွဲကာ ကျန်းမာရေးဝန်ထမ်း များက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ ထို့အပြင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၏ အနီးကပ်ကြီးကြပ် မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် တာဝန်ရှိသူများက ပြည်သူများ ကိုဗစ်ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုများကို လိုက်လံကြည့်ရှုအား ပေးပြီး ပြည်သူများအား တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကင်းဝေးစေရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့်အချိန်တွင် မပျက်မကွက် လာရောက်ထိုးနှံကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)