ငရုတ်ကောင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆိုင်ရာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးခြင်းများ ဆောင်ရွက်

ငရုတ်ကောင်း   စက်တင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လုံခြုံရေးဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများကို မြို့အဝင်စစ်ဆေးရေး ဂိတ်တွင် ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ပမ္မဝတီရေတပ် စခန်းဌာနချုပ်မှ ဗိုလ်ကြီးကျော်သူမျိုးနှင့် တာဝန်ရှိသူများက မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်နှင့် ကိုဗစ်စစ်ရေးဂိတ်၌ တာဝန်ကျအဖွဲ့အစည်းများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် မော်တော်ယာဉ်များ ၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်ကြသူ များမှ တရားမဝင်သယ်ဆောင်လာသော လက်နက်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ /မရှိ တို့ကို အထူးဂရုပြုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ငရုတ်ကောင်း)