ပေါင်းတည် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မတည်ငွေကျပ် သိန်း(၂၀) ဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေကျပ် သိန်း(၆၀) အား ပထမအကြိမ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဝင်းကိုကိုနိုင် နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်တို့မှ ပေးအပ်လှူဒါန်းရာ ဦးစောထွန်း(မြို့မိမြို့ဖ)မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်