မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၆
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်၌ ယနေ့ နံနက် ၉နာရီ အချိန်က စတင်၍ မြို့ပေါ်( ၄) ရပ်ကွက်အတွင်းရှိ အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ပထအကြိမ် ဆက်လက် ထိုးနှံပေးလျက် ကြောင်းသိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းကို ယနေ့မှစတင် ထိုးနှံပေးလျက်ရှိပြီး အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) ရပ်ကွက်အထိလည်းကောင်း၊ ကျေးရွာအုပ်စုများ ဖြစ်သည့် တယ်ချောင်း၊ စောကဲချောင်း၊ မဲဇလီပုသိမ်စု၊ ရေလိန်၊ တပ်ငူ၊ ဒေါင်းရေကျော် ကျေးရွာအုပ်စုများအား အလှည့်ကျ ထိုးနှံပေးသွားမည် ဖြစ်သည်။
နေ့စဉ် နံနက် ၉ နာရီခွဲမှ နံနက် ၁၁ နာရီခွဲအထိနှင့် နေ့လယ် ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက် အမှတ်(၈၊ ၉) ရပ်ကွက်အား စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမှတ်(၁၀၊ ၁၁၊ ၁၂၊ ၁၃)ရပ်ကွက်များအား စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆက်လက် ဆေးထိုးနှံပေးပြီး ဒုတိယအကြိမ် ဆေးထိုးနှံရန် ကျန်ရှိသူများအားလည်း အလှည့်ကျ ဆက်လက်၍ ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည် ။
သီတာအောင်