ရွှေသောင်ယံမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဒုတိယအကြိမ်ဆက်လက်ထိုးနှံ

ရွှေသောင်ယံ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျှက်ရှိရာ အထကရွှေသောင်ယံ စာသင်ကျောင်း၌ ယနေ့နံနက် (၉)နာရီအချိန်က အသက်(၅၅)နှစ်မှ (၆၄)နှစ်အထိအသက် အပိုင်းအခြားသတ်မှတ်၍ ကျန်းမာရေးဝန်ထမ်းများမှထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ယခုအကြိမ်တွင်ရွှေသောင်ယံမြို့နှင့်ကျေးရွာအုပ်စုများအတွက်ဆေးအလုံးရေ(၁၀၀)ကိုဆေး(၁)လုံးလျှင် (၅)ယောက် နှုန်းဖြင့် လူဦးရေ(၅၀၀)အား ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့နံနက်တွင် ရွှေသောင်ယံမြို့မှစတင်၍ထိုးနှံပေးလျှက်ရှိပြီးသပေါ့ကန်ကျေးရွာအုပ်၊ သဲကုန်းကျေးရွာအုပ်စု တို့၌လည်းဆက်လက်ထိုးနှံပေးသွားမည်ဟုသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရာသို့ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရွှေသောင်ယံ နယ်မြေတပ်စခန်းမှတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာများရှိအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)