ပေါက်ခေါင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် (၅၅)နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပေါက်ခေါင်း မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၇)ခု၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရူစစ်ဆေးကာ လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသူများတွင် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါမဟုတ်သည့် နာတာရှည် ရောဂါသည်များလည်း ပါဝင်ကြောင်း သိရသည်။
ယင်းကာကွယ်ဆေးထိုးရာနေရာ၌ လူစု၊ လူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရာ နေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဥမ္မာကျော်