ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလိုက်နာရမည့်အချက်များအား ရှမ်းဘာသာ တို့ဖြင့်အသိပညာပေးနှိုးဆော်

ကျိုင်းလပ်  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၁ရက်နေ့တွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှပူးပေါင်း၍ မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိပြီး သေဆုံးမှုမြင့်မားလျက်ရှိကြောင်း ထိုသို့ကူးစက်ဖြစ်ပွားနေမှုကို လျော့နည်းစေပြီးထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန်ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ကိုဗစ်-၁၉ရောဂါဆိုးကြီးကို အချိန်တိုအတွင်းကာကွယ်နိုင်မှာဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီ နေထိုင်စေရေးတို့ကို အသိပေးနှိုးဆော်ခဲ့ သည်။


ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲနေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျတပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှ ဧည့်သည်များလက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံသို့မသွားကြရန်၊ သက်ကြီးရွယ်အိုများနှင့် အခြားရောဂါအခံရှိသူများအနေဖြင့် အထူးဂရုစိုက်ကြရန်၊ မကြာခဏလက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ၀န်ကြီးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန်စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအချက်များကို စနစ်တကျ လိုက်နာကြရန် ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


မြို့နယ်( ပြန်/ဆက်)