ရပ်စောက်မြို့နယ်အတွင်းလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

 

ရပ်စောက်        စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေစဉ် ကာလအတွင်း မိမိနေအိမ်တွင် နေထိုင်စဉ် ကျန်းမာစွာနေထိုင်ရေး (Healthly Stay at home) အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုနည်းနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)