ဇလွန် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဇလွန်မြို့ပေါ် ( ၅ )ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင်ဆန်နှစ်ပြည်နှင့်ကြက်သွန်တစ်ပိဿာ ကိုလှူဒါန်းခဲ့ကြသည်။
လှူဒါန်းရာတွင် ကိုဗစ် - ၁၉ ကာလအတွင်း မြို့ပေါ် ( ၅ )ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများနှင့်ကိုယ်ဝန်ဆောင်မိခင်များအားစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့မှ ကိုယ်ဝန်ဆောင်မိခင် ( ၅၃ )ဦးအတွက်တစ်ဦးလျှင် ဆန်နှစ်ပြည်နှင့်ကြက်သွန်တစ်ပိဿာ ၊ သက်ကြီးဘိုးဘွား ( ၅၀ )ဦး အတွက် တစ်ဦးလျှင် ဆန်နှစ်ပြည်နှင့်ကြက်သွန်တစ်ပိဿာ တို့ကိုသွားရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
ဝေယံ