ကျိုက်လတ်မြို့တွင်အသက်(၅၅)နှစ်အထက်ပြည်သူများ၊ မသန်စွမ်းသူများ နာတာရှည် ရောဂါရှိသူ၁၀၁၅ဦးအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံပေး

ကျိုက်လတ်  စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် တွင်ယမန်နေ့က  အသက်(၅၅)နှစ် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ပထမအကြိမ်စတင်ထိုးနှံ ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်အသက်(၅၅)နှစ်အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ အားအထက-၁တွင်၊ ၂၇၀ ဦးအထက-၃တွင်၂၇၆ဦး လှိုင်းတာ ကျေးရွာတွင် ၁၂၅ ဦး၊ လေလံပင်-လမုလေးကျေးရွာတွင် ၁၄၉ဦး၊ သပြေတန်း ကျေးရွာတွင် ၁၁၀ဦး၊ ဖောင်ရိုးဆိပ်ကျေးရွာတွင် ၈၅ဦး၊ စုစုပေါင်း၁၀၁၅ဦးအား စုရပ်၆နေရာ ဖြင့်ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးခဲ့‌ကြာင်းကြောင်းသိရသည်။

ဌေးဌေးလှိုင်