ပုသိမ်မြို့တွင် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး

ပုသိမ်  သြဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ Swen Hotel ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀%(ရာခိုင်နှုန်း) ခွင့်ပြုထုတ်ပေးသည့်အခမ်းအနားကျင်းပရာ ထောက်ပံ့​ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ အာမခံ အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦး က လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြု ထုတ်ပေးရခြင်း နှင့်ပတ်သက်၍ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးဒေါက်တာစိုးဝင်း၊ လူမှုဖူလုံရေရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးနှင့် တာဝန်ရှိသူများက Myanmar Knitting မှ အလုပ်သမား(၁၉၁၄)ဦး၊ AMAVA APPAREL  Ltd မှ အာမခံအလုပ်သမား (၈၀၅)ဦး၊ မြတ်ကျွန်းသာအသေးစား​ ငွေကြေးလုပ်ငန်း (ကျောင်းကုန်း)မှ အာမခံအလုပ်သမား(၂၁)ဦး၊ ပျားတံဆိပ်ငံပြာရည် လုပ်ငန်းမှ အာမခံအလုပ်သမား (၃၈)ဦး၊ PT Power စက်သုံးဆီအရောင်းဆိုင် အာမခံအလုပ်သမား(၂၅)ဦး၊ ကောင်းသန့် သောက်ရေသန့် လုပ်ငန်းမှ အာမခံအလုပ်သမား (၂၈)ဦး၊  OK Energy စက်သုံးဆီအရောင်းဆိုင် အလုပ်သမား(၁၀)ဦး၊ စွမ်းဟိုတယ်မှ အာမခံ အလုပ်သမား (၁၀)ဦး၊ Petro - K စက်သုံးဆီအရောင်းဆိုင် အာမခံအလုပ်သမား (၇)ဦး၊ ဂန္ဓမာဆေးလိပ်ခုံ အလုပ်သမား(၇)ဦး၊ စုစု​ပေါင်း အာမခံအလုပ်သမား (၂၈၆၅)ဦးအတွက် ​ထောက်ပံ့​ငွေကျပ် သိန်း​ပေါင်း ၇၀၉သိန်း ၃ သောင်း​ကျော် (၇၀၉၃၃၁၃၅) ထောက်ပံ့​ပေးအပ်ရာ အလုပ်သမားများ လက်ခံရယူခဲ့ကြပြီး Myanmar Knitting Factory Ltd မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့သည်။

မြင့်ဟန်၊ပုသိမ်ခရိုင် (ပြန်/ဆက်)