ကန့်ဘလူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

ကန့်ဘလူ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တေဇခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က အမှာစကားပြောကြားပြီး ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်နွယ်နွယ်အောင်က လက်ရှိဆောင်ရွက်နေသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ဆောင်ရွက် ချက်များ နှင့် ကိုဗစ်ကာလ ကိုယ်ဝန်ဆောင် ငွေကြေးထောက်ပံ့မှု အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူ ကော်မတီဝင်များက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)