ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု (၄၄၀၆၄) စုအား ထောက်ပံ့ငွေများ ပေးအပ်

ကလေး ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့  ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းသိရသည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာတွင် ကလေးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၄၄၀၆၄) တို့အတွက် အိမ်ထောင်စုတစ်စုလျှင်ကျပ်ငွေ(၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်  ( ၈၈၁၂၈၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပေးအပ်ရာတွင် တိကျမှန်ကန်မှု ရှိစေရန်နှင့် အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရန်တို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများက ကျေးရွာများ အလိုက် အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ထန်းဖုန် (ပြန်/ဆက်)