မော်လိုက် သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ကြေညာ ထားရှိမှုတို့အား ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်၊ မော်လိုက်ခရိုင်တာဝန်ခံ တိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးချစ်ဝေ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့မ(၁)၊မြို့မ(၂) ရပ်ကွက်တို့ရှိ ကော်မရှင်ရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင်အမည်စာရင်း ကြေညာထားရှိမှုတို့အား ကြည့်ရှုခဲ့ပြီး မဲအမည် စာရင်းလာကြည့်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကာ နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
ထို့နောက် တိုင်းစိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့သည် မော်လိုက်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ အရာရှိများနှင့် တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း ကပ်ထားမှု များ၌ အချက်အလက်များဖြည့်စွက်ခြင်း၊ အမှားပြင်ဆင်ခြင်းနှင့် ကန့်ကွက်ခြင်း စသည့်အခြေအနေများအား မေးမြန်းခဲ့ရာ ခရိုင်ရွေးကောက်ပွဲအရာရှိမှ ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
မော်လိုက်သားလေး