ပန်းတနော်မြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပန်းတနော်  စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာအကြောင်းအရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမေးမြန်းခဲ့ရာ ပန်းတနော်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာထွေးက လုပ်ငန်းကြီး( ၇)ရပ်ဖြင့် ဆောင်ရွက်နေပြီး မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်နေပါတယ် မသန်စွမ်းသူ( ၄)မျိုးရှိရာ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ ညဏ်ရည်မသန်စွမ်းသူများဖြစ်ကြပြီး မသန်းစွမ်းလုပ်ငန်းများကို  ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းကျောင်း၊ ကျောင်းအခြေပြုထူထောင်ရေး လုပ်ငန်းများလည် ဆောင်ရွက်လျက်ရှိပါတယ်။

မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများကို ရန်ကုန်နှင့် မန္တလေးတို့တွင်ဖွင့်လှစ်ထားပြီး တက်ရောက်လိုသည့်မသန်စွမ်းသူများဟာ တစ်မျိုးထဲ(သို့မဟုတ်) တစ်မျိုးထက်ပိုသော အသက်( ၆)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများ၊မျက်မမြင်သင်တန်းကျောင်းကို ရန်ကုန်နှင့်စစ်ကိုင်း တို့တွင်ဖွင့်လှစ်ထားပြီး အသက်(၆)နှစ်မှ(၁၈)နှစ်အတွင်း ရှိသူများ၊ နားမကြားသော ကလေးများသင်တန်းကျောင်းကို ရန်ကုန်နှင့်မန္တလေးတို့တွင် ဖွင့်လှစ်ထားပြီး အသက်(၆)နှစ်မှ(၁၈)နှစ်အတွင်းရှိသူများ၊ မသန်စွမ်းသက်ကြီးကျောင်းကို ရန်ကုန်တွင် ဖွင့်လှစ်ထားပြီး အသက်( ၁၈)နှစ်မှ(၄၅)နှစ်အတွင်းရှိသူများ၊မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာကိုရန်ကုန်တွင် ဖွင့်လှစ်ထားကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မသန်စွမ်းသူများဥပဒေကို ၁၉၉၂ ခုနှစ်ကစပြီးနှစ်စဥ် ဒီဇင်ဘာလ ၃ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် ကျင်းပပေးလျက်ရှိပြီး မသန်စွမ်း လူငယ်အခွင့် အရေးများ ဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ပန်းတနော်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာထွေးထံမှ သိရသည်။

မြို့နယ်( ပြန်/ ဆက်)