ကသာ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်
ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား ဩဂုတ်လ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို စုစုပေါင်း လူဦးရေ (၂၀၀၀)ဦးတို့အထိ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ယနေ့တွင် အဆိုပါပြည်သူများအား ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတေ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက်ဘိုးဘွားများနှင့် အသက်(၁၈)နှစ် အထက်ရှိသည့် ပြည်သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လာရောက် ထိုးနှံကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူများကိုလည်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု များနှင့် ကူညီဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)