အိမ်မဲ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတွင် ယမန်နေ့လည် ၁၂ နာရီခွဲအချိန်က ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် (၆) လအတွင်းဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အဓိကကျေးရွာ (၄) ရွာနှင့်အရန် (၁)ရွာအားလျာထားရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်မှ "ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရွေးချယ်ရာမှာ သတ်မှတ်ချက်များနဲ့အညီ ရွေးချယ်သွားရန်၊ အထူးသဖြင့် (VDP) ဆောင်ရွက်ပြီးစီးတဲ့ ကျေးရွားများနဲ့ ယခင်ဘဏ္ဍာနှစ်များမှာ ကျေးရွာပြောင်းလည်းဆောင်ရွက်ခဲ့တဲ့ ကျေးရွာများအား ရွေးချယ်ခြင်းမပြုရန်၊ ဦးစီးဌာန ရန်ပုံငွေကျပ် (၁၀)သန်း၊ ကျေးရွာမှ ထည့်ဝင်ငွေများနဲ့ ပေါင်းစပ် ဆောင်ရွက်လိုတဲ့ ကျေးရွာများအားရွေးချယ်ရန်၊ အကျိုးခံစားရမဲ့ အိမ်ထောင်စုများတဲ့ ကျေးရွာများအား ရွေးချယ်ရန် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ်အေးချမ်းမှုရှိတဲ့ ကျေးရွာများအားရွေး ချယ်ရန်၊ ကျေးရွာသူလေးများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ကြွစွာ ဆောင်ရွက်လိုမှုရှိတဲ့ကျေးရွာများ (စီမံကိန်းအား လိုလားစွာ တင်ပြတောင်းဆိုမှုရှိတဲ့ ကျေးရွာများ)အား ရွေးချယ်ရန်၊ မည်သည့်စီမံကိန်းမှမရ ရှိသေးတဲ့ကျေးရွာများ (ဖွံ့ဖြိုးရေး အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်တဲ့ ကျေးရွာများ) အားရွေးချယ်ရန်၊ ဘဏ္ဍာရေးနှစ်အလိုက် ဖွံ့ဖြိုးရေး ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရွေးချယ်ခြင်း မပြုရန် ၊အမည်ပျက်စာရင်းဝင်အဖြစ် သတ်မှတ်ထားတဲ့ ကျေးရွာများအား ရွေးချယ်ခြင်း မပြုရန်၊ မြစိမ်းရောင်စီမံကိန်း ကြွေးကျန်ဖြစ်ပေါ်နေ ကျေးရွာများနှင့် ကြွေးကျန်များကြောင့် ကျေးရွာပြောင်းလဲဆောင်ရွက်ထားရှိသော ကျေးရွာများအားရွေးချယ်ခြင်း မပြုရန်၊ ကျေးရွာ များမှ Mini-grid နှင့် အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်းများတွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်မှုရှိတဲ့ ကျေးရွာများအား ရွေးချယ်ရန်၊ ကျေးရွာဖွံ့ဖြိုး ရေးစီမံချက် (VDP) စီမံကိန်းဆောင်ရွက်သည်မှာ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁) ရွာ ၂၀၀၈ခု ( ၆ )လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၃) ရွာ ၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၄)ရွာ၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၃) ရွာဆောင်ရွက်ပြီး၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၂၇) ရွာ၊ ယခု ၂၀၂၁-၂ဝ၂ ၂ ခုနှစ် ဘဏ္ဍာရေးနှစ် (၆) လအတွင်း ဆောင်ရွက်မည့် အဓိကကျေးရွာ(၄)ရွာနှင့် အရန် (၁) ရွာအားကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်ရန် လျာထားရွေးချယ်ရမည် ဖြစ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) မှာ ကျေးရွာသူ/သားများ ကိုယ်တိုင်ရွေး ချယ်သော လုပ်ငန်းစီမံချက်များ ကျေးရွာ သူ/သားများ ကိုယ်တိုင်ဆောင်ရွက်ရသော စီမံကိန်းဖြစ်ကြောင်းနှင့် စီမံကိန်းကျေးရွာများ အနေဖြင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ထည့်ဝင်ငွေပါရှိနိုင်သောကျေးရွာများအား အလေးထားရွေးချယ်ပေးလို ကြောင်း၊မိမိ တို့ဌာနအနေဖြင့် နည်းပညာအကူအညီ များအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာသားများမှာ ကိုယ်တိုင်ဆောင်ရွက်ရသဖြင့် စီမံကိန်းလုပ်ငန်းများအား ပိုမိုတန်ဖိုးထားလာကြ ကြောင်း" ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က"ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ဆောင်ရွက်တဲ့အတွက် ကျေးရွာသူ/ သားများ၊ ကိုယ်တိုင်ရွေးချယ်တဲ့ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်စာအုပ်လုပ်ငန်းများထွက်ရှိလာပြီး ပြည်သူများကိုယ်တိုင် ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ပြည်သူထည့်ဝင်ငွေများပါဝင်အောင် ကျေးရွာများတွင် ဆွေးနွေးပြော ကြားခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင်လည်း ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နဲ့အညီ ကျေးရွာနေပြည်သူများ လုပ်ငန်းဆောင်ရွက်နေစဉ်ကာလမှာ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ကြရန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကျေးရွာအိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေအမှန်စာရင်းဖြင့် ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရန် ကျေးရွာသူ/သား များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရန် "ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အဓိကကျေးရွာ (၄)ရွာနှင့် အရန် (၁)ရွာအား လျာထားရွေးချယ်ရာတွင် အဓိက(၄)ရွာအဖြင့် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု ၊ မရမ်းငူကျေးရွာ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု ၊ ဆင်ဆိပ်ကျေးရွာ၊ ကျုံလမုညောင်ဝိုင်း ကျေးရွာအုပ်စု၊ကန်ချောင်းကျေးရွာ၊ အရန်ရွာအဖြင့် ထိန်ငူကျေးရွာအုပ်စု မာလကာ ကုန်းကျေးရွာ၊ တို့အား ရွေးချယ်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)