ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူများအား ကိုဗစ်-ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ်နှင့် အသက် ၅၅ နှစ်အထက် ပြည်သူများအား ပထမအကြိမ်ထိုးနှံပေး

ဒိုက်ဦး စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ်နှင့် မွန်းလွဲပိုင်း၌ အသက် ၅၅ နှစ်အထက် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးကြီးကြပ်ရေးမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက လာရောက်ထိုးနှံသူ တို့အား ကိုဗစ်-၁၉ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးစကား ပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ မီးသတ်နှင့်စေတနာရှင် လူငယ်အဖွဲ့တို့မှ ဝိုင်းဝန်းကူညီပေးကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)