မင်းပြားမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ

မင်းပြား စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် ရာမောင်ခန်းမ၌ ဒုတိယအကြိမ်ကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ လျော့ချနိုင်ရန်အတွက် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး မထိုးမီလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထားရောက်မှသာ ကာကွယ်ဆေး ထိုးနှံမည်ဖြစ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးသူများကို  မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက် ပေးလျက်ရှိကာ ပြည်သူများ စိတ်ဝင်စားစွာ လာရောက် ထိုးနှံကြကြောင်း သိရသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ အသက် ၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ပြည်သူ(၅၉၉) ဦးအား တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စက်တင်ဘာ(၁၆)ရက်ထိ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

သိန်းနုအောင်