သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm1/5dose(BIBP) အမျိုးအစားအား ဆက်လက် ထိုးနှံပေးသွားမည်

သံတွဲ စက်တင်ဘာ ၁၆

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm1/5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ ပြည်သူများအား ထိုးနှံပေးခြင်းကို ယနေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ ဒွါရာဝတီ မြို့နယ်ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေး ဌာနများတွင် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို ယခင်က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အုပ်စုဟု သတ်မှတ်ထားသော်လည်း ယခုအခါ အသက် ၅၅နှစ်နှင့်အထက် တိုးချဲ့ခြင်းထပ်မံ၍ ဦးတည်အုပ်စုများ တိုးချဲ့ခြင်းအနေဖြင့် မသန်စွမ်းသူများအုပ်စု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအုပ်စု၊ နာတာရှည်ရောဂါအခံနှင့် မကူးစက်နိုင်သော ရောဂါရှိသူများအုပ်စု၊ ကယ်ဆယ်ရေးစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် ရှိသူအုပ်စုတို့အား ထပ်မံဖြည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)