ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) မထိုးရဘဲ ကျန်ရှိနေသေးသည့် ပြည်သူ များအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံလျက်ရှိ

ကျောက်တော် စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) မထိုးရဘဲ ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် ကျေးရွာအတွင်းရှိ ပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌  လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် ကျောက်တော်မြို့နယ် အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရပ်ကွက်အသီးသီးနှင့် လူမှုရေးအသင်းအဖွဲ့များမှ  Volunteer များကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက (Sinopharm)  ကိုဗစ်-၁၉ ကာကွယ်လာရောက် ဆေးထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေခြင်းများအား ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)