ကလေးဝမြို့နယ် ကိုင်းကျေးရွာ၌ အခြေခံလူတန်းစားအိမ်ထောင်စု ၃၁ စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများအားပေးအပ်

ကလေးဝ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် စတုတ္ထ အကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၁ နာရီက ကိုင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၃၁ စုအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အိမ်ထောင်စု ၃၁ စုအား တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် လက်ဝယ် အရောက်ပေးအပ်ခဲ့သည်။

ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၃၃ အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေ ခံလူတန်းစာ အိမ်ထောင်စု ၂၀၈၆ စုအား အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။

သက်ဟန်(ကလေးဝ)