ကြံခင်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ဦးဆောင်သော အဖွဲသည် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် အုတ်ပုံစုပေါင်းစစ်ဆေးရေးဂိတ်ရှိ တာဝန်ကျ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိုနယ်ဦးစီးမှုးရုံးမှ ဝန်ထမ်းများ၊ မြိုနယ်ရဲတပ်ဖွဲဝင်များနှင့် တွေ့ဆုံပြီး လုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန်၊ ယာဉ်အဝင်၊ အထွက်အား စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်နှင့် အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးဆောင်သောအဖွဲသည် ကြံခင်းမြိုနယ်၊ မြိုမရပ်ကွက် လမ်းမတော်လမ်းနှင့် မြိုဦးရပ်ရှိ မြိုနေပြည်သူများ စုပေါင်းလှုဒါန်းမှုဖြင့် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအား ကြည့်ရှုခဲ့ရာ မြိုနယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်မှ စက်ရုံနှင့် ပတ်သက် သည်များအား ရှင်းလင်းပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးဆောင်သောအဖွဲသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိုနယ်ဦးစီးမှုးရုံးသို ရောက်ရှိပြီး မြိုနယ်ဦးစီးမှုးနှင့် ဝန်ထမ်းများအား တွေ့ဆုံကာ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမှုအခြေအနေ (ပန်းခင်းစီမံချက်)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို မေးမြန်းပြီး လုပ်ငန်းများအား အလေးထားဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ဦးဆောင်သော အဖွဲသည် မြိုနယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် အောင်မြေဦး ကုမ္ပဏီလီမိတတ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး အစိုးရအဖွဲနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ခွင့်ပြုငွေကျပ်(၂၇၉ ဒသမ ၁၁၉)သန်းဖြင့် တည်ဆောက်လျက်ရှိသော အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေး တာဝန်ခံ ဦးမြင့်လွင်မှ မြိုနယ်အားကစားကွင်း၊ ကွင်းပတ်လည်ရေမြောင်းလုပ်ခြင်း၊ ကွင်းအတွင်း ရေစစ်မြောင်းပြုလုပ်ခြင်း၊ ကွင်းအတွင်းမြက်စိုက်ခြင်းလုပ်ငန်း၊ ပွဲကြည့်စင် ဆောက်လုပ်ခြင်းလုပ်ငန်း၊ အားကစားကွင်း ခြံစည်းရိုးခတ်ခြင်း၊ ရေစင်နှင့် ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ (၇၅)ရာခိုင်နှုန်းပြီးစီးမှု အခြေအနေနှင့် ကျန်ရှိသော (၂၅)ရာခိုင်နှုန်းအား သတ်မှတ်ရက်ထက်စောလျင်စွာ ပြီးစီးအောင်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ လူမှုရေးဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွတ်မှာကြားခဲ့ကြောင်းနှင့် လူမှုရေးဝန်ကြီးမှ အားကစားပစ္စည်းနှင့် အားကစားမဂ္ဂဇင်းများအား ထောက်ပံ့ပေးအပ်ရာ မြိုနယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။
ထိုနောက် ဧရာဝတီတိုင်းဒေသကြီအစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ဦးဆောင်သောအဖွဲသည် မြန်အောင်မြိုသို ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)