ရေနံချောင်း စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက ရေနံချောင်းမြို့နယ်အတွင်းရှိ သီတင်းသုံးတော်မူကြသည့် ဆရာတော် ၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်၊ဆီ၊ဆား၊ပဲ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများသို့သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့သည်။
ရေနံချောင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း (၂၈၂)ကျောင်းရှိပြီး မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတိုက် (၄၄)ကျောင်း တွင်သီတင်းသုံးတော်မူကြသည့်
ဆရာတော်သံဃာတော်များနှင့်သီလရှင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးရဲလင်းအောင် နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း၊ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ ကျေးရွာအတွင်းရှိ ကျောင်းတိုက်များသို့လည်းကောင်း အသီးသီးသွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ